ကော့ဂွန်းဂူ

ကော့ဂွန်းဂူ သမိုင်းကြောင်း

1

 

ကော့ဂွန်းဂူသည်မော်လမြိုင်မြို့ဖက်မှ ၂၈-မိုင်၊ ဖားအံမြို့မှ ၈-မိုင်၊ သံလွင်အနောက်ဖက်ရှိ ဘားကပ်ကျေးရွာမှ ၂-မိုင်၊ သံလွင်အနောက်ဖက်ရှိကော့ဂွန်းကျေးရွာမှ နှစ်ဖာလုံအကွာရှိ အမြင့်ပေ ၁၀၀၀၊ အလျားပေ ၆၀၀၀ ရှိသော ထုံးကျောက်တောင်အမျိုးအစားဖြစ်သည့်ကော့ဂွန်းတောင်တွင် တည်ရှိသည်။

ကော့ဂွန်းဂူသည် အလျား ပေ-၁၃၀၊ အနံ ပေ-၇၀၊ အမြင့် ၂၅-ပေရှိပြီး တစ်ဖက်ပိတ်ဂူဖြစ်ကာ ကျောက်စက်ပန်းစွဲ၊ကျောက်စက်မိုးမျှော်များလည်း ရှိသည်။ ဂူအ၀သည် ကျောက်ကမ်းပါးယံအမိုးနောက်တွင် ရှိသောကြောင့်လည်းကောင်း အရှေ့အရပ်သို့မျက်နှာမူသဖြင့်နေရောင်ရသောကြောင့်လည်းကောင်း မိုးပက်ခြင်း စိုထိုင်းထိုင်းဖြစ်နေခြင်းတို့ ကင်းဝေးသည်။

 2

သမိုင်းကြောင်း

မြန်မာသက္ကရာဇ် ၄၁၉-တွင် အနော်ရထာမင်းသည် မနုဟာမင်းကိုတိုက်ခိုက်သဖြင့် သထုံပျက်သည်။ ပိဋကတ်တော်များ၊ ပညာရှင်များကိုလည်း ယူဆောင်သွားကြသည်။ ထွက်ပြေးလွတ်မြောက်လာသော မုတ္တမမိဖုရားသည် ကော့ဂွန်းဂူသို့ရောက်ရှိပုန်းအောင်းနေသည်။ ပုန်းအောင်နေစဉ်အတွင်း ကော့ဂွန်းဂူနှင့် ဂူအနီးနားတစ်ဝိုက်တွင် စေတီ၊ဆင်းတု၊ရုပ်ကြွများကို ဂူတွင်ပြုလုပ်ခဲ့သည်။

ကော့ဂွန်းဂူနှင့်ပတ်သက်၍ ရှေးဟောင်းယဉ်   ကျေးမှုအမွေအနှစ်များ   ကိုအေဒီ၁၉ရာစုအစော  ပိုင်းကပင်

ရှေးဟောင်းနှင့်သမိုင်းပညာရှင်များကကွင်းဆင်းလေ့လာခြင်း၊ဂျာနယ်များနှစ်ချုပ်   အစီရင်ခံစာများတွင်ပြန်

လည်ဖေါ်ပြခြင်းတို့ပြုလုပ်ခဲ့သည်။ ၂၇-၁-၁၈၂၇-တွင် ဗြိတိသျှသံအမတ်ကြီး ဂျွန်ကရော့ဖို့ရောက်ခဲ့ကာ ၁၈၃၅-တွင် ကော့ဂွန်းဂူသို့ရောက်ရှိခဲ့သော သုတေသနပညာရှင် ရစ်ချတ်တင်ပယ်က ကော့ဂွန်းဂူရှိ နံရံကပ်ဆင်းတုများကို တန် ၅၀၀-ရှိသော သင်္ဘောဖြင့် တင်ဆောင်လျှင်ပင် အုတ်ခွက်အားလုံး၏ ထက်ဝက်မျှကိုပင် မသယ်ဆောင်နိုင်ဟု ဆိုခဲ့သည်။ ၁၈၃၆-တွင် ဂျပ်ဆင်အဘိဓာန်ပြုစုသူ ဆရာယုဒသန်ခေါ်မစ္စတာဂျက်ဂျပ်ဆင်ယုဒသန်နှင့်အဖွဲ့ရောက်ရှိကာယင်းအဖွဲ့ထဲမှ ဟောင်းဝတ်မယ်လ်ကွန်

သည် ၁၈၄၀-တွင် သူ၏ မြန်မာနိုင်ငံတစ်ခွင့်လှည့်လည်စဉ်-ဟူသော စာအုပ်တွင် ကော့ဂွန်းဂူအကြောင်းကို အသေးစိတ်ရေးသားခဲ့သည်။

၁၈၉၁-တွင်ကျောက်စာဝန်မစ္စတာတော်စိန်ခိုနှင့်အဖွဲ့၊၁၈၉၂၊ဧပြီတွင်မေဂျာအာရ်စီတမ်ပယ်နှင့်အဖွဲ့တို့ရောက်

ရှိကာ၎င်းတို့၏မှတ်တမ်းတွင်ရှေးဟောင်းပစ္စည်းများ၏ဓါတ်ပုံမှတ်တမ်းများကိုပါ ဖေါ်ပြသည်။

တော်စိန်ခိုမှတ်တမ်းတွင်၁၄-ရာစု၊ထိုင်းအက္ခရာဟုယူဆရသည့် သစ်သားဆင်းတုသုံးဆူကိုယူဆောင်သွားသည်ဟုဆိုသည်။၁၉၄၀၄၁တွင်ရှေးဟောင်းသုတေသနညွှန်ကြား

ရေးဝန်ဟောင်းဦးလူဖေ၀င်းနှင့် ဒေါက်တာဂျီ၊အိတ်(ခ်ျ)လုစ်တို့ရောက်ရှိခဲ့သည်။

ဦးလူဖေ၀င်းနှင့်ဒေါက်တာဂျီ၊အိတ်(ခ်ျ)လုစ်တို့ရောက်ရှိခဲ့သည်။

၁၉၅၈-တွင်ဦးဖိုးလတ်၊ဗိုလ်မှုးဘရှင်၊ နိုင်ပန်းလှ၊ ဒေါက်တာဂျီ၊အိတ်(ခ်ျ)လုစ်တို့က ကော့ဂွန်းဂူသို့သွားရောက်
ကာ ရှေးဟောင်းသုတေသနဌာန၏ ထိမ်းသိမ်းမှုအောက်တွင် ထားရှိကြသည်။

 3
လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်များ

လျောင်းခြင်းကို သယန-ဟု ခေါ်ဝေါ်သုံးနှုန်း၍ ယင်းသယန-လျောင်းတော်မူပုံ ထုလုပ်ရာတွင်

၁။ခြင်္သေ့မင်းလျောင်းနေပုံနှင့်တူသဖြင့် သီဟသယနခေါ်သော အညောင်းညာပြေလဲလျောင်းနေဟန်

၂။ဂီလာနသယန သို့မဟုတ် ဗျာဓိသယနခေါ် မကျန်းမမာသဖြင့် မထနိုင်သောကြောင့် လဲလျောင်းနေဟန်

၃။မဟာပရိနိဗ္ဗာနသယန သို့မဟုတ် ကုသိန္နာပုံတော်ခေါ် မဟာပရိနိဗ္ဗာန်စံတော်မူဟန်

လျောင်းတော်မူဗုဒ္ဓဆင်းတုကိုးကွယ်ရာတွင် အရပ်မျက်နှာကိုလိုက်၍ အမည်မှတ်ကြသည်လည်းရှိ၏။ ယင်းကား ၁။အရှေ့သာလျောင်း၊ တောင် ပေါင်းလောင်း၊ နောက်စောင်းနေရဗာ၊ မြောက်စောင်း ကုသိန္နာ၊ လေးဖြာခေါ်ဝေါ်တာ-ဟူသော နိယံနှင့်

၂။အရှေ့ဦးခေါင်း၊ ရွှေသာလျောင်း၊ ပေါင်းလည်းဒက္ခိဏာ၊ နောက်နေရဗဏ် ပစ္ဆမံ၊ မြောက်မှန်နိဗ္ဗာန်သာ-ဟူသောနိယံတို့နှင့်အညီ အရှေ့အရပ်ကို မျက်နှာမူလျောင်းနေဟန်ကို ရွှေသာလျောင်း၊ တောင်ဖက်သို့ ဦးခေါင်းလှည့်လျောင်းတော်မူဟန်ကို ပေါင်းလည်းပုံတော် (သို့) ပေါင်းလည်းပုံတော်၊ အနောက်ဖက်သို့ ဦးခေါင်းလှည့်လျောင်းဟန်ကိုးနေရဗဏ်ပုံ (သို့) ဧည့်ခံတော်မူပုံ၊ မြောက်ဖက်သို့ ဦးခေါင်းပြု လျောင်းတော်မူဟန်ကို မဟာပရိနိဗ္ဗာန်ပုံတော်ဟူ၍ ခေါ်ဝေါ်ကြသည်။

ဤကော့ဂွန်းဂူတွင် ကျောက်တောင်နံရံ၊ မျက်နှာကြက်အနေအထားတို့အပေါ် မူတည်၍တိကျသောအရပ်

မျက်နှာသတ်မှတ်မှု မရှိသောကြောင့်သီဟာသနလျောင်းတော်မူအနေအထားကို တွေ့ရသည်။

 

2013-06-15 10.57.13

ထိုင်တော်မူဗုဒ္ဓဆင်းတုတော်များ

ရုပ်ပွားတော်များသည် တမူထူးခြားစွာ နှစ်ဆူ၊သုံးဆူ၊လေးဆူတွဲ၍ ထုလုပ်ထားသည်။ တာဝတိံသာတွင် နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်း၍ နတ်တို့အားတရားဟောစေကာ လူ့ပြည်တွင် အရှင်သာရိပုတ္တရာအား အဘိဓမ္မာမာတိကာကိုဟောပြီးသောအခါ နတ်ပြည်သို့ပြန်ကြွ၍ တစ်ဆက်တည်းဖြစ်စေရန် ပဏ္ဍုကမ္ဗလာမြကျောက်ဖြာထက်ဝယ် တူယှဉ်တွဲထိုင်နေဟန်ကို ရည်ရွယ်သည်။ ရိုးရိုးထိုင်ဆင်းတုများနှင့် မကိုဋ်ဆင်မြန်းထားသော ဆင်းတုများကိုလည်း တွေ့ရသည်။ မကိုဋ်ဆင်မြန်းထားသော ဆင်းတုများကို အိန္ဒိယနိုင်ငံ၊ဗီတားနှင့် ဘင်္ဂလားဒေသတို့၌ ပါလခေတ် (အေဒီ၊၁၀-၁၂)တွင် စတင်ထုလုပ်သည်။ ဗုဒ္ဓဆင်းတု ထုလုပ်သောအခါ မြတ်စွာဘုရားရှင်သည် မင်းမျိုးဖြစ်ခြင်း၊ မြတ်စွာဘုရား၏တန်ခိုးတော်ကို စကြာဝတေးမင်းနှင့်ခိုင်းနိုင်းခြင်း၊ ယုံကြည်ခြင်းတို့ကြောင့် ပန်းချီပန်းပုဆရာတို့နှင့် သဒ္ဓါကြည်ညိုသူတို့က မကိုဋ်နှင့်လည်ဆွဲတို့ဖြင့်ထုလုပ်ခဲ့ကြသည်။မြန်မာနှင့်အိန္ဒိယတို့ယဉ်ကျေးမှုခြင်းကူးလူးဆက်ဆံရာမှ မြန်မာနို
င်ငံသို့ရောက်ရှိလာခဲ့သည်။

စူဠ၀ံသနှင့်မဟာဝံသတို့တွင်သဒ္ဓါကြည်ညိုသူတို့က မြတ်စွာဘုရားဆင်းတုကိုအ၀တ်တန်ဆာများလှူဒါန်းရာမှ

ဖြစ်ပေါ်လာခဲ့သည်ဟုလည်းကောင်းမဟာပရိနိဗ္ဗာနပါဠိတော်တွင်မြတ်စွာဘုရားသည်   စကြာဝဠာတစ်ခုမှ

အခြားစကြာဝဠာတစ်ခုသို့ တရားဟောကြွသောအခါ ထိုဒေသ၏ရှင်ဘုရင်ထိုင်ရာ ရာဇပလ္လင်တွင် ထိုင်တော်မူလေ့ရှိပြီး လူတို့က မိမိတို့၏ဘုရင်တည်းဟု ထင်မှတ်မှုကိုရည်ရွယ်၍လည်းကောင်း ဇင်းမယ်ယွန်းပဏ္ဏာသကျမ်းအရ မာန်မာနကြီးသော ဇမ္ဗူပတိမင်းကို အမျိုးမျိုးဖန်ဆင်းရာမှ ဗြဟ္မာအသွင် ဖန်ဆင်းသည်ကိုရည်ရွယ်၍ထုလုပ်ကိုးကွယ်ရာမှလည်းကောင်းထိုသို့သောဟန် ဖြစ်ပေါ်လာသည်ဟုဆိုသည်။

Untitled-1

 

2013-06-15 11.07.03
 

Leave a comment

Leave a comment